အမှတ်တရ ပိုစ့်

တနင်္ဂနွေနေ ညနေက သူငယ်ချင်းတစ်ယောက်နဲ့ ကော်ဖီသွားသောက်ဖြစ်တယ်။ ထုံးစံအတိုင်း တောင်ဆို မြောက်ရောက်ကြဆိုတော့ ကော်ဖီဆိုင်ခဏလောက်ထိုင်ပြီး ကမ်းခြေကို ချီတက်ကြတယ်။ သောက်စရာတချို့ကိုလမ်းမှာပဲ ၀ယ်ခဲ့တယ်။

ခရစ်ယာန်ဘာသာဝင် သူငယ်ချင်းတွေလည်းပါတော့ သူတို့ ကားနောက်မှာ အမြဲတမ်းလိုလို ဂစ်တာတစ်လက်က ပါပါတယ်။ ဂစ်တာတီး သီးချင်းတွေဆိုကြ။ ပင်လယ်လေကလည်းကောင်း ၀ယ်လာတဲ့ ၀ိုင်ကလည်းကောင်းဆိုတော့ ဘယ်ပြောကောင်းမလဲ။ အားလုံးကောင်းကြပေါ့။

ရုတ်တရက်သူငယ်ချင်းတစ်ယောက်ရဲ့ မြေခွေး မြေခွေးလို့ အော်တော့ ထိုမြေခွေး ကျနော်တို့ အဖွဲ့ကို ကြည့်နေတယ်။ ကျနော်ရယ် သူငယ်ချင်းတစ်ယောက်ရယ် ဖမ်းမယ်လုပ်တော့ မြေခွေးထွက်ပြေးသွားတယ်။ သက်ဆိုင်ရာကို ဖုန်းခေါ်ချင်ပေမယ့် ကိုယ်တွေက တားမြစ်နယ်မြေမှာ ကောင်းနေကြတာဆိုတော့ အခြေအနေမကောင်းရင် ကိုယ်ပါ ဂျောင်းနေရမှာစိုးတာကြောင့်အသာကလေး ငြိမ်နေလိုက်တယ်။

ကမ်းခြေရဲ့ လုံခြုံရေးကိုလည်း စိတ်ပူမိတယ်။ အကယ်၍များ အကောင်တွေအများကြီးနဲ့ လာတယ်ဆိုရင် အပန်းဖြေလာသူတွေကို တိုက်ခိုက်နိုင်တယ်။ အိမ်ကိုပြန်လာတော့ ည ၁၁ နာရီထိုးနေပြီ။

0 ယောက်မှတ်ချက်: