(Source)
(Source)
ထမင်းတစ်လုပ်စားရဖို့အတွက်
ချွေးအသုတ်လိုက်ထွက်အောင်လုပ်ရတဲ့ ဒီနေရာမှာ
ကျနော် ဆက်မနေချင်တော့ဘူး အမေ။
ခွေးတချို့က အ၀တ်သစ်တွေနဲ့
လူတချို့က အ၀တ်ညစ်တွေဝတ်
ခွေးစာက လူ့အစာထက် တန်ဖိုးကြီးနေတဲ့
ဒီနေရာမှာ ကျနော် ဆက်မနေပါရစေနဲ့ ။
ဘ၀ဆိုတာ တိုက်ပွဲတဲ့
အမေပြောတဲ့စကား ကျနော်မှတ်မိနေသေးတယ်။
ဒီတိုက်ပွဲကို ဒီနေရာမှာ ဆက်မတိုက်ပါရစေနဲ့တော့ ။
မြို့ပြဖြစ်တိုင်း အဆင့်မြင့်တာမှ မဟုတ်တာ
ဦးတည်ချက်တွေသာရှိပြီး
တိုးတက်မှုမရှိတဲ့ ဒီနေရာမှာ ကျနော် ဆက်မနေပါရစေနဲ့တော့ ။
တကယ်တော့ သားတို့ဘ၀တွေဟာ
စိန် ရွှေ အဖိုးတန်တွေရှိပြီး
ထမင်းငတ်နေရတဲ့ ဘ၀တွေပါ အမေ။
ရွှေနိုင်ငံဆိုတာ ဟို့း့ အဝေးမှာ ကျန်ခဲ့ပြီ
ဗမာဆို နှာခေါင်းရှုံ အဖတ်မလုပ်ချင်တဲ့ နေရာတစ်ခုကို
မသေထမင်း မသေဟင်းစားဖို့အတွက် ကျနော့်ကို သွားခွင့်ပြုပါ။
တိုင်းပြည်ကိုရောင်းတုတ် ပြည်သူကိုမောင်းထုတ်နေတဲ့
ဒီနေရာကို ကျနော် ကျောခိုင်းသွားတော့ အမေ။
ယနေ့ခေတ် Quality မဂ္ဂဇင်း တွေရဲ့ အခြေအနေကို ဘယ်လိုမြင် ပါသလဲ။
ရှန်နီတိကေတန် စာကြည့်တိုက်မှာ စာအုပ်အရေအတွက် ဘယ် လောက် များ များရှိနေပြီလဲ။
မူစလင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားတွင် ဗုဒ္ဓအမည်နဲ့ အရက်ဘားဖွင့်လို့ ဗုဒ္ဓဘာသာသင်တန်းကျောင်းမှာ ကျောင်းသူ ကျောင်းသား ၊ ဆရာ ၊ ဆရာမတွေ ဆနပြကြသည်။ ဆိုင်နာမည်ကိုပြောင်းပေးရန် တောင်းဆိုကြသည်။ ထိုအရက်ဘားကို ပိုင်ဆိုင်သည့် ပိုင်ရှင်သည် အစိုးရအဖွဲ့မှ သမီးတစ်ယောက်ဖြစ်သည့်အတွက် တော်တော်လေး ဆွေးနွေးကြရသည်။
မြန်မာကောင်စစ်ဝန် ဦးရဲမြင့်အောင်က မစ္စတာ ဂျွန် ဝီလျံ ယက်ထောနှင့် ဒေါ်အောင်ဆန်းစုကြည် တို့မှာ သမီးရည်းစားများ ဖြစ်နိုင်သည်ဟု ပြောဆိုတဲ့ အကြောင်းဖတ်မိတော့ သူ့အစားတော်တော်ရှက်မိတယ်။
နေရာတစ်ခုကြောင့် ဒီလိုမျိုးစကားတွေ ပြောထွက် ပြောရဲတဲ့ ဦးရဲမြင့်အောင်ကို တော်တော် စိတ်ပျတ်မိတယ်။ အနည်းဆုံး ဒေါ်အောင်ဆန်းစုကြည်ကို မကြိုက်နှစ်သက်ခဲ့ရင်တောင် ယောင်္ကျားတစ်ယောက်ရဲ့ ပါးစပ်က ဒီလိုမျိုး မပြောထွက်သင့်ဘူး။ အခုတော့ မြန်မာကောင်စစ်ဝန်တစ်ယောက်က ကြောင်တောင်တောင် အောက်တန်းစား စကားလုံးတွေ ပြောနေတော့ မြန်မာပြည်သားဖြစ်တဲ့ ကျနော် ၊ သူ့အစား အရမ်းရှက်တယ်။သူ့အမေ ၊ သူ့နှမ ၊ သူ့သမီးတွေ မရှိသလိုပဲ။
ဟစ်တလာလက်ထက်က မာတင်ဘောမန်းကိုများ သွားအားကြနေသလားမသိဘူး။ အဲ့ဒီတုန်းက ဘောမန်းတစ်ယောက်လည်း အထက်အလိုအကျ အပေါ်ဖား အောက်ဖိ ၊ စကားလုံး ခပ်ကြမ်းကြမ်းတွေသုံးပြီး အထက်နေရာတွေကို ရောက်ခဲ့တယ်။ အခု ဦးရဲမြင့်အောင်လည်း ဒီအချိုးအတိုင်းပဲ။






